ဂရိမှာ သောင်တင်နေတဲ့ ဒုက္ခသည် ကလေးများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂရိမှာ သောင်တင်နေတဲ့ ဒုက္ခသည် ကလေးများ

  • 18 မေ 2017

ဆီးရီးယား က မိဘမဲ့ကလေးတွေနေထိုင်ဖို့နဲ့ပညာသင်ယူနိုင်ဖို့အတွက် စင်တာတခုကို တူရကီမှာဖွင့်လှစ်လိုက်ပါတယ်။ အဲဒီမှာ မိဘမဲ့ကလေးငယ်ပေါင်း တထောင်နီးပါးလောက် ခိုလှုံနေထိုင်သွားနိုင်မှာဖြစ်ပါတယ်။ တူရကီထဲမှာ ဆီးရီးယားက ကလေးဒုက္ခသည်ပေါင်း တသန်း ကျော်ရှိနေသလို အဖော်မပါဘဲ ခရီးနှင်လာကြတဲ့ ကလေးဒုက္ခသည်တွေဟာလည်းတကမ္ဘာလုံးမှာ အရေအတွက်အားဖြင့်တိုးလာနေပါတယ်။ ကုလသမဂ္ဂကတော့အဲဒီလိုကလေးတွေဟာ လူကုန်ကူးသူတွေရဲ့ပစ်မှတ်ဖြစ်လာနေပြီလို့ သတိပေးထားပါတယ်။ ဂရိမှာသောင်တင်နေတဲ့ ကလေးငယ်တွေရဲ့အကြောင်း ကို

မရီရီအောင်က ပြောပြမှာပါ။