သမ္မတထရမ့်ကို ထောက်ခံသူတွေရဲ့ သဘောထား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သမ္မတထရမ့်ကို ထောက်ခံသူတွေရဲ့ သဘောထား

  • 18 မေ 2017

သမ္မတထရမ့်က သမ္မတ ရွေးကောက်ပွဲ ကာလအတွင်းရုရှားရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိခဲ့သလားဆိုတာကို စစ်ဆေးဖို့ အစိုးရရဲ့ အထူးစုံစမ်း စစ်ဆေးမှူးဟာ မဲဆွယ်အဖွဲ့ဟာ ရုရှားနဲ့ဘာမှ ပတ်သက်မှု မရှိတာကို တွေ့ရလိမ့်မယ်လို့ ဆိုပါတယ်။

အရင် အက်ဖ်ဘီအိုင် အကြီးအကဲ ဟောင်း ရောဘတ်မူလာကို ခန့်ထားမှုနဲ့ ပတ်သက်လို့ အထက်နဲ့ အောက်လွှတ်တော်နှစ်ရပ်စလုံးက ကြိုဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ တပတ်က အက်ဖ်ဘီအိုင် အကြီးအကဲ ဂျိမ်းစ် ကိုမီကို တာဝန်က ရပ်စဲခဲ့ပြီးတခါ မစ္စတာ ထရမ့်ဟာ လျှို့ဝှက်သတင်းတချို့ကို မော်စကိုကို ပြောခဲ့တယ်ဆိုတာတွေ ထွက်လာခဲ့တဲ့နောက်မှာ အခုလို ခန့်အပ်လိုက်တာဖြစ်ပါတယ်။ လတ်တလော ဖြစ်နေတာတွေအပေါ် ထရမ့်ကို ထောက်ခံသူတွေက ဘယ်လို မြင်သလဲ ဆိုတာကြည့်ရအောင်ပါ။ ကိုအောင်သွင်က ပြောပြမှာပါ။