စိတ်ကျရောဂါအတွက် ဆေးဝါးသစ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စိတ်ကျရောဂါအတွက် ဆေးဝါးသစ်

  • 24 မေ 2017

စိတ်ကျရောဂါဟာ ကမ္ဘာတဝန်း စိတ်ကျန်းမာရေးဆိုင်ရာ ထိခိုက်မှု အများဆုံး ဝေဒနာ တခုဖြစ်ပါတယ်။ ဒါပေမယ့် လူနာ ၃ ပုံတပုံ လောက်ဟာ ဆေးဝါးနဲ့ ကုသမှု စိတ်ပိုင်းဆိုင်ရာကုသမှုတွေနဲ့ ထိရောက်မှုမရှိတာတွေ့ရပါတယ်။ အခုတော့ ယူကေက သိပ္ပံပညာရှင်တွေဟာ နည်းလမ်းသစ်တမျိုးနဲ့ ကုသပေးနိုင်ဖို့ကြိုးစားနေကြပါတယ်။ စိတ်ကျဝေဒနာဟာ လူ့ကိုယ်ခံအားစနစ် မူမမှန်ပဲ လှုပ်ရှားမှုများလွန်းတာကြောင့် ဖြစ်ရသလားဆိုတာ သူတို့ စူးစမ်းလေ့လာနေကြပြီး အယောင်လျော့စေတဲ့ ဆေးဝါးတချို့နဲ့ ကုသပေးနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဦးဘမော်က ပြောပြမှာပါ။