မြန်မာ့အရေး ကမ္ဘာ့အရေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြန်မာ့အရေး ကမ္ဘာ့အရေး

  • 25 မေ 2017

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အကြိမ်အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ဖယ်ဒရယ်ဆိုင်ရာ အခြေခံမူတွေ ဆွေးနွေးအတည်ပြုဖို့ တဖက်နဲ့တဖက် အကြိတ်အနယ်ဆွေးနွေးတာ ငြင်းခုံပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေချရမှာ ဖြစ်တယ်လို့ပြောပါတယ်။ တဖက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဒို့တာဝန် အရေးသုံးပါးကိုရှေ့ရှုပြီး ဖယ်ဒရယ် ပြည်ထောင်စု စနစ်ကို နိုင်ငံရေး ဆွေးနွေးပွဲတွေက ထွက်ပေါ်လာမယ့်ရလဒ်နဲ့ အညီဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒီတော့ ပြည်ထောင်စု သဘောတူစာချုပ်လို့ ပြောရမယ့် ဖယ်ဒရယ်အခြေခံမူတွေ ဒီညီလာခံမှာရဖို့ ဘယ်လိုစိန်ခေါ်မှုတွေရှိမလဲ။