သူတော်စင်ရဲ့ နံရိုးတော်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သူတော်စင်ရဲ့ နံရိုးတော်

  • 30 မေ 2017

ရုရှား နိုင်ငံက မော်စကိုမြို့မှာ အီတလီကနေ ခေတ္တ ပင့်ဆောင်ထားတဲ့ သူတော်စင် စိန့်နစ်ကိုးလပ်စ်ရဲ့ နံရိုးတော်ကို ဖူးမျှော်ဖို့ လူတွေ တန်းစီစောင့်နေကြပါတယ်။ ဒါဟာ နှစ်ပေါင်း ၁၀၀၀ အတွင်း ပထမဆုံးအကြိမ် အီတလီမြေကို ခွာလို့ ပြည်ပကို ရောက်လာတာလည်း ဖြစ်ပါတယ်။ နှစ်ပေါင်း ၇၀ ဘာသာ အယူဝါဒကို ဖိနှိပ်ခဲ့တဲ့ ကွန်မြူနစ် ဝါဒ အောက်မှာ ရှိနေခဲ့တဲ့ ရုရှား အဖို့ ဒါဟာ ကြီးမြတ်တဲ့ အချိန်တခါတခုလို့ဆိုရမှာပါ။ ဦးဘမော်က ပြောပြထားပါတယ်။