တောင်အာရှကို ထိခိုက်ခဲ့တဲ့ ဆိုင်ကလုန်းမိုရာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တောင်အာရှကို ထိခိုက်ခဲ့တဲ့ ဆိုင်ကလုန်းမိုရာ

  • 1 ဇွန် 2017

ဆိုင်ကလုန်းမိုရာ တိုက်ခတ်ခဲ့မှုကြောင့် သီရိလင်္ကာမှာ မိုးကြီးပြီး ရေလွှမ်းမှုတွေကြောင့် လူ ၉၆ ယောက်က ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ လူ ၂၀၀ ကျော်သေဆုံးခဲ့ပြီး အိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း သောင်းနဲ့ချီတဲ့ အိမ်တွေ ပျက်စီးခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်ထဲမှာ ပျောက်ဆုံးနေတဲ့ ဒါဇင်နဲ့ချီတဲ့ ငါးဖမ်းသမားတွေကိုလည်း လိုက်ရှာနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရေတပ်က ပြောပါတယ်။ ကိုမင်းထက်က ပြောပြထားပါတယ်။