climate
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပဲရစ် စာချုပ် ကနေ ကန် နှုတ်ထွက်လို့ ကမ္ဘာတဝှန်း ပြစ်တင်

  • 2 ဇွန် 2017

ဂျာမန် ဝန်ကြီးချုပ် အန်ဂလာ မာခဲလ် အမေရိကန် သမ္မတ ထရမ့် ပါရီ သဘောတူ စာချုပ် က ထွက်မယ် ဆိုတာဟာ အင်မတန် ဝမ်းနည်းစရာကောင်း ကြောင်းပြပါတယ်။ ဒါပေမယ့် သူနဲ့ တခြားကမ္ဘာ့ခေါင်းဆောင်တွေကတော့ သူတို့ ကတိပေးထားတာတွေအပေါ် နောက်ကြောင်းပြန်လှည့် ကြမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဇွန်လ ၁ ရက်နေ့ ညပိုင်းကပဲ သမ္မတ ထရမ့်က အမေရိကန်မှာ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုတွေ ဖြစ်စေတဲ့ အတွက် ပါရီ သဘောတူညီချက် ကနေ နှုတ်ထွက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒီ အကြောင်း ကို ဉီးဘမော် က ပြောပြထားပါတယ်။