လန်ဒန်တိုက်ခိုက်သူတွေကို စဖော်ထုတ်နေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လန်ဒန်တိုက်ခိုက်သူတွေကို စဖော်ထုတ်နေ

  • 5 ဇွန် 2017

ဗြိတိန်မှာ ၃ လအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ၃ ခါကြုံခဲ့ရတဲ့ နောက်မှာ ဒီအကြမ်းဖက်မှုတွေကို ကိုင်တွယ် ဖြေရှင်းပုံနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်သွားမယ့်အကြောင်း လန်ဒန် နေပြည်တော်ရဲတပ်ဖွဲ့ ရဲ့အကြီးအကဲ ကရက်ဆီဒါ ဒစ်က ပြောပါတယ်။ စနေနေ့ ညပိုင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီညက ဗန်ကားတစင်းက လန်ဒန် တံတားပေါ်က လမ်းလျှောက်နေသူတွေကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ ရဲကတော့ ဒီတိုက်ခိုက်ခဲ့သူ ဘယ်သူတွေဆိုတာ သူတို့သိထားပြီး တစ်ဦးဟာ မော်ရိုကိုက ဖြစ်တယ်လို့ ပြောပါတယ်။ နောက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေရာမှာလည်း တိုးတက်မှု ရတယ်လို့ပြောပါတယ်။ မစန္ဒာ စန်းမောင်က ပြောပြထားပါတယ်။