အစွန်းရောက်မှုကို ဘယ်လို တိုက်ဖျက်မလဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အစွန်းရောက်မှုကို ဘယ်လို တိုက်ဖျက်မလဲ

  • 6 ဇွန် 2017

ပြီးခဲ့တဲ့ စနေနေ့က လန်ဒန်တံတားတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သူတွေထဲက တတိယ တဦးဟာ မော်ရိုကိုနွယ်ဖွား အီတလီနိုင်ငံသား ယူဆွပ် ဇာ့ဂ်ဘာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

အသက် ၂၂ နှစ် အရွယ် ဇာ့ဂ်ဘာနဲ့ အတူ ခူရမ်ဘတ်နဲ့ ရာရှစ် ရေဒူရန်း တို့ပေါင်း၃ ဦးရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လူ ၇ ဦး သေဆုံးခဲ့ရပြီး သူတို့ကိုတော့ရဲက ပစ်သတ်ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ အဲဒီတိုက်ခိုက်မှုကြောင့် သေဆုံးဒဏ်ရာရခဲ့သူတွေအတွက် ယူကေ တနံတလျားမှာ ဝမ်းနည်းခြင်း အထိန်းအမှတ် အဖြစ် တမိနစ် ငြိမ်သက်ခြင်းတွေကိုကျင်းပခဲ့ပါတယ်။ တချိန်ထဲမှာပဲ လုံခြုံရေး အဖွဲ့တွေက ခူရုမ်ဘတ်ကိုပြီးခဲ့တဲ့ ၂၀၁၅ ကစစ်ဆေးစောင့်ကြည့်မှုတွေ လုပ်ခဲ့ဖူးပေမယ့် သူဟာ တိုက်ခိုက်မှုကိုကျူးလွန်မယ့် အထောက်အထားတွေ မတွေ့ခဲ့တာကြောင့် စုံစမ်းမှုတွေကို လျှော့ချထားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

တဘက်မှာ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေသလို တဘက်မှာလည်းဒီလို အစွန်းရောက် မှုတွေကိုဘယ်လို ပုံစံနဲ့ ဖြေရှင်းကိုင်တွယ်သွားမလဲ ဆိုတာ မေးခွန်းတွေ ထွက်နေပါတယ်။

မရီရီအောင်က ပြောပြမှာပါ။