တာလီဘန် မြို့တော် မူဆာကာလာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

တာလီဘန် အောက် နေရတဲ့ သာမန်လူတွေ ဘဝ

  • 8 ဇွန် 2017

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်တွေကို အနောက်နိုင်ငံတွေက ဝင်ရောက် တိုက်ခိုက်တုန်းက အပြင်းထန်ဆုံး တိုက်ပွဲတွေဟာ ဟယ်လ်မန် ပြည်နယ်ထဲမှာ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အနောက်နိုင်ငံက တပ်တွေ ထွက်ခွာပြီး နောက်ပိုင်းမှာတော့ စစ်သွေးကြွတွေက သူတို့ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတွေကို ပြန်သိမ်းယူ နိုင်ခဲ့ပါတယ်။

အဲဒီအချိန် နောက်ပိုင်း တာလီဘန်တွေ အောက်မှာ နေရတဲ့ သာမန်လူတွေရဲ့ ဘဝကို သိတဲ့သူ အတော် နည်းပါတယ်။

အခုတော့ ဘီဘီစီက သတင်းထောက် အောလီယာ အက်ထွာဖီက တာလီဘန်တွေရဲ့ မြို့တော်လို့ သိထားကြတဲ့ မူဆာ ကာလာကို သွားရောက်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ အထူးသတင်းလွှာကို ရှုစားနိုင်ပါတယ်။