aa
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေးဆွေးနွေးဖလှယ်

  • 10 ဇွန် 2017

နားဆင်နိုင်ပါပြီ။ ရန်ကုန်မြို့ ရေကြီး ရေလျှံ ဘယ်လို ဖြေရှင်းကြမလဲ ဆွေးနွေးခဲ့။

ပင်တိုင် - ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး (အီးမေးလ်ဖြင့်) ဒေါ်လာ ၁၂၅ သန်း ကမ္ဘာ့ဘဏ်က ချေးမယ်။

ရန်ကုန်မြို့မှာ မိုးတွင်း ကာလ စလို့ မိုးရွာတယ် ဆိုရင်ပဲ ရေကြီး ရေလျှံ လို့ အများ ပြည်သူ သွားလာရေး ခက်ခဲတာ အပါ အဝင် အခက် အခဲတွေ အများကြီး ကြုံနေရ ပါတယ်။

ဘာကြောင့် ဒီလောက် အထိ ရေတွေလျှံပြီး၊ ပြည်သူတွေရဲ့ အခက် အခဲတွေ ဘယ်လောက် ကြီးမားနေကြ ပါလဲ။

မိုးတွင်း အချိန် ကလည်း အများကြီး ကျန်သေးတာ ဖြစ်လို့ အခု လို ရေကြီး ရေလျှံမှုတွေ နဲ့ လူတွေရဲ့ အခက် အခဲ တွေကို ဘယ်နည်း ဘယ်ပုံ ဖြေရှင်း နိုင်ဖို့ ရှိသလဲ ဆိုတာ သောတရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့ ကြတာပါ။

ပါဝင်ဆွေးနွေးသူ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။