လန်ဒန်က ထပ်မြင့်အဆောက်အအုံ မီးလောင်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လန်ဒန်က ထပ်မြင့်အဆောက်အအုံ မီးလောင်

  • 14 ဇွန် 2017

ဗုဒ္ဓဟူးနေ့မနက်အစောပိုင်း က လန်ဒန်မြို့မှာ လူနေ ထပ်မြင့် အဆောက်အအုံ တလုံး မီးလောင်ခဲ့ရာမှာ လူ ၆ ဦးထက်မနည်းသေဆုံးခဲ့ရပါတယ်။

အဲဒီအဆောက်အအုံမှာ အိမ်ခန်းပေါင်းတရာကျော်ရှိပြီး မိသားစုတော်တော်များများဟာ မီးထဲ ပိတ်မိနေခဲ့ကြပါတယ်။

မီးသတ်တပ်ဖွဲ့ဝင်တွေကတချို့ကိုတော်တော်စွန့်စွန့်စားစားနဲ့ကယ်ထုတ်နိုင်ခဲ့ကြါပါတယ်။

လတ်တလောမှာ ၇၄ ဦးကို ဆေးရုံတင်ကုသပေးနေရပြီး အဲဒီထဲက၂၀ ထက်မနည်းဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။

ဒီမီးလောင်မှု ဖြစ်ပွားခဲ့တဲ့ ဂရန်ဖဲလ် တာဝါ အဆောက်အုံဟာ ၂၄ ထပ်မြင့်ပြီး လန်ဒန် အနောက်ပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။ အဆောက်အအုံဆီ ကို အလွယ်တကူ မဝင်ရောက်နိုင်တာကြောင့် ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ရပါတယ်။ တချို့ကတော့ အဲဒီ အဆောက်အအုံကြီး ထဲက မီးလောင်ထားတဲ့ အပျက်အစီးတွေ ကျလာနေလို့ အဆောက်အအုံကြီးပါပြိုလဲကျလာမလားလို့စိုးရိမ်နေကြပါတယ်။ ဘယ်လိုက ဘယ်လို စခဲ့တာပါလဲ။

ဖြစ်စဉ်ကိုရင်မောင်က ဆက်ပြောပြမှာပါ။