လန်ဒန်မီးဘေး ဒုက္ခသည်တွေကို ပရဟိတ အဖွဲ့တွေက ကူညီ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လန်ဒန်မီးဘေး ဒုက္ခသည်တွေကို ပရဟိတ အဖွဲ့တွေက ကူညီ

  • 16 ဇွန် 2017

ဗြိတိသျှ ဘုရင်မကြီးအယ်လစ်ဇဘက်သ်နဲ့ မြေးတော် ဝီလျံမင်းသားတို့ဟာ လန်ဒန်အနောက်ပိုင်းက လူနေထပ်မြင့်အအဆောက်အအုံမီးလောင်မှုက မီးဘေး ဒုက္ခသည်တွေ ရှိရာကို လာရောက် အားပေးစကားပြောကြားခဲ့ကြပါတယ်။

အဲဒီ မီးလောင်မှုကြောင့် လူပေါင်း ၃၀ သေဆုံးခဲ့ရပြီးဖြစ်သလို ၇၆ ဦးပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကတော့တချို့ရုပ်အလောင်းတွေကို ဘယ်သူ ဘယ်ဝါ ဆိုတာ ပြောနိုင်ချင်မှတောင်ပြောနိုင်တော့မယ်လို့ ဆိုပါတယ်။

ဗြိတိသျှ အစိုးရရဲ့ ထပ်မြင့် အဆောက်အအုံများ ဘေးကင်းလုံခြုံရေးဆိုင်ရာ တာဝန်ခံ ဆာဂျစ် ဂျဗစ်ကတော့ အစိုးရဘက်က နောက်ထပ် ဒီလိုအဖြစ်မျိုးတွေ မကြုံရစေဖို့ လိုအပ်သမျှ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ ဗြိတိန်တလွှားမှာဒီလို ထပ်မြင့် အဆောက်အအုံပေါင်း ၄၀၀၀ ကျော်ရှိနေပါတယ်။

အဲဒီမှာ နေထိုင်ကြသူတချို့ကတော့ ဟိုတယ်တချို့နဲ့ အနီးက အားကစား ရုံထဲမှာ ခေတ္တ ခိုလှုံနေကြပါတယ်။ အနီးဝန်းကျင်က ဘုရားကျောင်းတွေကလည်း အစာရေစာနဲ့ အဝတ်အထည်တွေ ဝေဌပေးကမ်းနေကြပြီး ပရဟိတ အဖွဲ့တွေကလည်း အလှူငွေတွေ အလုံအလောက် ရရှိနေပြီဖြစ်တယ်လို့ပြောပါတယ်။ လူတွေရဲ့ ကူညီပံ့ပိုးမှုက ပရဟိတစိတ်ဓါတ်၊ စေတနာ့ဝန်ထမ်းစိတ်ကို ပြသနေပါတယ်။ ကိုသက်ထွေးနိုင်ပြောပြထားပါတယ်။