လန်ဒန်က ဗလီတခုအနီး အကြမ်းဖက်တိုက်ခိုက်ခံရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လန်ဒန်က ဗလီတခုအနီး အကြမ်းဖက်တိုက်ခိုက်ခံရ

  • 19 ဇွန် 2017

ဗြိတိန်က အကြီးဆုံး ဗလီတခု အနီးမှာ အကြမ်းဖက်တိုက်ခိုက်မှု တခုနဲ့ပတ်သက်လို့ လူတဦးကို ဖမ်းဆီးထားပါတယ်။

ဒီလူ က ဗန်ကားတစင်းနဲ့လန်ဒန်မြို့ဖင်စ်ဘရီ ပါ့ခ် ဗလီ ထဲက ဝတ်ပြုပြီး ထွက်လာသူတွေထဲကို ဝင်တိုက်ပစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် ၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ထရီဆာ မေကလည်း ဒီနေ့မနက်ပိုင်းက အခင်းဖြစ်ခဲ့တဲ့ နေရာကို သွားရောက်ခဲ့ပါတယ်။ သူက အမုန်းတရားနဲ့ယှဉ်ပြီး လုပ်သမျှ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါဟာ ယူကေမှာ ၄ လ အတွင်း ၄ ကြိမ်မြောက် တိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။