အမေရိကန် ကောလိပ် ကျောင်းသား ကွယ်လွန
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန် ကောလိပ် ကျောင်းသား ကွယ်လွန်

  • 20 ဇွန် 2017

မြောက်ကိုရီးယားနိုင်ငံမှာ တနှစ်ခွဲနီးပါး ထိန်းသိမ်းခံထားရာကနေ ပြီးခဲ့တဲ့ သီတင်းပတ်က ပြန်လွတ်လာခဲ့တဲ့ အမေရိကန် ကောလိပ် ကျောင်းသား Otto Warmbier ကွယ်လွန်သွားပါပြီ။

သူဟာ ပြီးခဲ့တဲ့ သတင်းပတ် သတိမေ့လျက် အမေရိကန်ကို ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ မြောက်ကိုရီးယား ဘက်က သူ့ကို ဟိုတယ်မှာ ရှိတဲ့ အစိုးရ ဝါဒဖြန့်တံဆိပ်ကို ခိုးယူဖို့ကြိုးစားတာကြောင့် ထောင်ချခဲ့တာဖြစ်ပြီး ထောင်ကျစမှာပဲ မကျန်းမာ စဖြစ်နေခဲ့တာလို့ မြောက်ကိုရီးယား ဘက် က ပြောပါတယ်။

အမေရိကန် ဆရာဝန်တွေကတော့ သူဟာ ဦးနှောက်မှာ ပြင်းပြင်းထန်ထန် ထိခိုက်ထားတယ်လို့ ပြောပါတယ်။ အော်တိုရဲ့ မိဘတွေကတော့ သူတို့သား ဟာ ညှင်းပန်းဆက်ဆံမှုတွေ ကြုံခဲ့ရလိမ့်မယ်လို့ ပြောပါတယ်။ သမ္မတ ထရမ့်ကတော့ အော်တိုသေရတာဟာ မြောက်ကိုရီးယားရဲ့ ရက်စက်တဲ့အစိုးရ လက်ချက်လို့ အပြစ်ဖို့ပါတယ်။ ကိုမိုးမြင့် က ပြောပြမှာပါ။