ယူကေ ကုမ္ပဏီ ထောက်လှမ်းရေးနည်းပညာတွေကို အရှေ့အလယ်ပိုင်း နိုင်ငံတွေကို ရောင်းချန
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယူကေ ထောက်လှမ်းရေးပညာ အရှေ့အလယ်ပိုင်း ရောင်းချ

  • 20 ဇွန် 2017

ဘီဘီစီ အာရေဗျဘာသာဌာနနဲ့ ဒိန်းမတ်သတင်းစာတစောင်တို့ရဲ့ တနှစ်ကြာ စုံစမ်းမှုတွေအရ ယူကေက ကာကွယ်ရေးနည်းပညာဆိုင်ရာ ကုမ္ပဏီကြီး ဘီအေအီးစစ်စတမ် ကုမ္ပဏီဟာ ခေတ်မီဆန်းပြားတဲ့ ထောက်လှမ်းရေးနည်းပညာတွေကို ပမာဏကြီးကြီးမားမားနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေကို ရောင်းချနေတယ်ဆိုတာ ဖေါ်ထုတ်နိုင်ခဲ့ကြပါတယ်။ အဲဒီနိုင်ငံတွေထဲမှာ လူထုကို ဖိနှိပ်အုပ်ချုပ်တဲ့ နိုင်ငံတွေလည်းပါပါတယ်။

ရောင်းချတဲ့အထဲမှာ ယူကေနဲ့ မဟာမိတ်နိုင်ငံတွေက ဝှက်စာတွေကို ဖော်နိုင်တဲ့ ဆော့ဖ်ဝဲ တွေလည်းပါပါတယ်။

အဲဒီနည်းပညာအများစုကို နိုင်ငံတကာဥပဒေတွေအရ စစ်ရေးဆိုင်ရာ နည်းပညာ အဖြစ်သတ်မှတ်ထားပြီး အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးမှာ အရေးကြီးတဲ့ လက်နက် တခုလည်းဖြစ်ပါတယ်။

ဒါပေမယ့် ဒီနည်းပညာကို တချို့ အစိုးရတွေက သူတို့ကို ဆန့်ကျင်သူတွေ နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို ဖိနှိပ်ရာမှာ အသုံးချနေကြပါတယ်။

မသီဒါနွယ် ပြောပြထားပါတယ်။