မော်တော်ကားပျံ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယာဉ်ကြောပိတ်တာကို ကျော်လွှားမယ်

  • 21 ဇွန် 2017

ပါရီမြို့တော်မှာ ကျင်းပတဲ့ လေကြောင်းပြပွဲဟာ လေကြောင်းခရီး သွားလာမှု ဆိုင်ရာ လောကမှာတော့ နာမည်ကျော်ပါ။

ကုမ္ပဏီ ပေါင်းစုံက ဒေါ်လာ ဘီလျံချီတန်တဲ့ ပစ္စည်း မျိုးစုံကို လာရောက် ပြသကြပါတယ်။

ကုမ္ပဏီကြီးတွေလည်း ပါသလို ကုမ္ပဏီငယ်တွေကလည်း သူတို့ရဲ့ တိုးတက် ဆန်းသစ်တဲ့ စိတ်ကူး ပုံဖော်ချက်တွေကို လာရောက် ပြသကြပါတယ်။

အဲဒီထဲက တခုကတော့ ကားပျံ ဖြစ်ပါတယ်။

လမ်းပေါ် ယာဉ်ကြောပိတ်ဆို့ ကားကြပ်တဲ့ ပြဿနာကို ကျော်လွှား နိုင်ကြတော့မယ် ဆိုတဲ့ ဆွဲဆောင်မှုနဲ့ အတူ လာပြကြတဲ့ ကားပျံ အကြောင်း ရှုစားရအောင်ပါ။

ကိုသက်ထွေးနိုင်က ပြောပြမှာပါ။