အယ်လ်-နူရီ ဖျက်စီးခံရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရှေးအမွေ အနှစ် လက်ရာ အယ်လ်-နူရီ ဗလီ ဖျက်စီးခံရ

  • 22 ဇွန် 2017

အီရတ်နိုင်ငံမှာ ၂၀၁၄ တုန်းက သူတို့ကိုယ်သူတို့ အစ္စလာမ္မစ်နိုင်ငံလို့ ခေါ်တဲ့ အိုက်အက်စ် အဖွဲ့ခေါင်းဆောင် အဘူ ဘာကာ အယ်လ် ဘတ်ဂ်ဒက်ဒီက အစ္စလာမ္မစ် စည်းမျဉ်းနဲ့ အုပ်ချုပ်တဲ့ ကာလီဖိတ်ဒေသ အဖြစ် ကြေညာ ခဲ့ပါတယ်။ အဲဒီ ကြေညာခဲ့တဲ့ နေရာဟာ အခုတော့ အပျက်အစီးပုံကြီး တစ်ခု ဖြစ်သွားပါပြီ။

အီရတ်စစ်တပ်ရဲ့ အပြောအရ အိုက်အက်စ်တွေဟာ မိုဆူးမြို့မှာရှိတဲ့ အယ်လ်နူရီ ဗလီကြီးကို ဖောက်ခွဲခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာဆိုရင် အိုက်အက်စ်တွေက စစ်ရှုံးပြီးဆိုတာ တရားဝင်ကြေညာတဲ့ သဘော ဖြစ်တယ်လို့ အီရတ်၀န်ကြီးချုပ်က ပြောပါတယ်။

မိုးဆူးလ်က နောက်ဆုံးအခြေအနေတွေကို ကိုအောင်သွင်က ပြောပြမှာပါ။