ယူဂန်ဒါက တောင်ဆူဒန် စစ်ဘေး ဒုက္ခသည်တွေရဲ့ ဒုက္ခသည်စခန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယူဂန်ဒါက တောင်ဆူဒန် စစ်ဘေး ဒုက္ခသည်တွေရဲ့ ဒုက္ခသည်စခန်း

  • 23 ဇွန် 2017

တောင်ဆူဒန်က တိုက်ပွဲတွေကြောင့် လူ၄ သန်းလောက် အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ကိစ္စဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။ အန်တိုနီယို ဂုတာရက်ဇ်က ယူဂန်ဒါမြောက်ပိုင်းက တောင်ဆူဒန်က ပြေးလာကြတဲ့ လူတွေအတွက် ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူက ယူဂန်ဒါရဲ့ ကူညီမှုတွေကလည်း တခြားနိုင်ငံတွေတောင် အတုယူစရာ ကောင်းလှကြောင်း ပြောပါတယ်။ ဒါပေမယ့် တဘက်မှာတော့ ဒီလို ကူညီမှုတွေ ပေးရတာဟာ မနိုင်ဝန် ထမ်းသလို ဖြစ်လာနေတာတွေလည်း ရှိပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။