အိန္ဒိယဝန်ကြီးချုပ်ရဲ့ အမေရိကန်ခရီး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အိန္ဒိယဝန်ကြီးချုပ်ရဲ့ အမေရိကန်ခရီး

  • 26 ဇွန် 2017

အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့ အိန္ဒိယ ဝန်ကြီးချုပ် နရင်ဒရာမိုဒီဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပထမဆုံးအကြိမ်အဖြစ် သမ္မတအိမ်ဖြူတော်မှာ ဒီနေ့ တွေ့ဆုံသွားဖို့ ရှိပါတယ်။ သူတို့နှစ်ဦးစလုံးဟာ အမျိုးသားရေးကို အခြေခံတဲ့ နိုင်ငံရေး အမြင် ရှိကြသလို တွစ်တာပေါ်မှာလည်း ဖော်လိုလုပ်သူ ပရိသတ်ပေါင်း သန်း ၃၀ လောက်စီ ရှိကြပါတယ်။ သမ္မတအိုဘားမား လက်ထက်က နှစ်နိုင်ငံကြား ဆက်ဆံရေး ကောင်းခဲ့ပေမယ့် မစ္စတာထရမ့် လက်ထက်မှာ အဖုအထစ်လေးတွေ ရှိလာခဲ့ပါတယ်။ အိန္ဒိယဝန်ကြီးချုပ်က ထရမ့်ကို ဘယ်လောက်ဆွဲဆောင်နိုင်မှာပါလဲ။ နှစ်နိုင်ငံ ဆက်ဆံရေး အနေအထားတွေကို ကိုမင်းထက်က ပြောပြထားပါတယ်။