ONE Championship တည်ထောင်သူနဲ့ တွေ့ဆုံခန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ONE Championship တည်ထောင်သူနဲ့ တွေ့ဆုံခန်း အပိုင်း ၁

  • 28 ဇွန် 2017

ONE Championship လို့ခေါ်တဲ့ ကိုယ်ခံပညာပေါင်းစုံ ပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၁ က စင်္ကာပူနိုင်ငံမှာ စတင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲဟာ အာရှတလွှားမှာ လူကြိုက်များ ကျော်ကြားနေသလို အခုဆိုရင် နိုင်ငံပေါင်း ၁၁၈ နိုင်ငံကမှာလည်း ပြသနေပြီဖြစ်ပြီး ကြည့်ရှုသူပေါင်း သန်း ထောင်ချီ ရှိနေပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လည်း ဒီပြိုင်ပွဲ လာရောက်ကျင်းပခဲ့ဖူးသလို မကြာခင်မှာလည်း ထပ်မံကျင်းပဖို့ ရှိပါတယ်။ မြန်မာနိုင်ငံက အောင်လအန်ဆန်လည်း ဝင်ရောက် ယှဉ်ပြိုင်နေပါတယ်။

ဒီ ONE Championship ပြိုင်ပွဲကို စတင်တည်ထောင်သူ တဦးကတော့ ထိုင်းလုပ်ငန်းရှင် ချတ်ထရီ ဆစ်ယော့တောင်း ဖြစ်ပါတယ်။ သူဟာ ခုချိန်မှာ သန်းရာထောင်ချီ ချမ်းသာသူ လုပ်ငန်းရှင် တဦး ဖြစ်နေပေမယ့်၊ တချိန်က သူဟာ နေစရာတောင် မရှိခဲ့ရတဲ့ အထိ ဘဝ နာခဲ့ရသူ တဦးပါ။ သူ့အကြောင်းကို သူလန်ဒန်မြို့က ဘီဘီစီကို ရောက်တုန်းရောက်ခိုက်မှာ ကိုဇေယျာက တွေဆုံမေးမြန်းထားပါတယ်။