ကာတာအပေါ် အိမ်နီးချင်းတွေရဲ့ တောင်းဆိုချက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကာတာအပေါ် အိမ်နီးချင်းတွေရဲ့ တောင်းဆိုချက်

  • 3 ဇူလိုင် 2017

ကာတာအပေါ် အိမ်နီးချင်း အာရပ်နိုင်ငံတွေက တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ တုန့်ပြန်ဖို့ ကို ကာတာနိုင်ငံခြားရေး ဝန်ကြီးဟာ ကူဝိတ်ကိုရောက်ရှိလာပါတယ်။ အိမ်နီးချင်း နိုင်ငံတွေက အီရန်နဲ့ ဆက်ဆံမှုတွေကို ရပ်ဆိုင်းဖို့၊ အယ်လ်ဂျဇီးရား သတင်းဌာနကို ပိတ်သိမ်းဖို့နဲ့ အမေရိကန် အကြမ်းဖက် အဖွဲ့လို့ သတ်မှတ်ထားတဲ့ အဖွဲ့တွေကိုထောက်ပံ့နေတာတွေကို ရပ်တန့်သွားဖို့တွေ အပါအဝင် သူတို့တောင်းဆိုချက်တွေကို ကာတာက အကောင်အထည်ဖော်ဖို့အတွက် ၄၈ နာရီ အချိန်ပေးထားတာ ဖြစ်ပါတယ်။ ကာတာဘက်ကတော့ လိုက်လျောမယ့် သဘောမရှိတာကို အစောပိုင်းထဲက ပြသထားပြီးလည်း ဖြစ်ပါတယ်။ ကိုကျော်ဇေယျက ပြောပြထားပါတယ်။