မြေထဲပင်လယ်ထဲက ရွှေ့ပြောင်းလာသူများပြဿနာ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြေထဲပင်လယ်ထဲက ရွှေ့ပြောင်းလာသူများပြဿနာ

  • 3 ဇူလိုင် 2017

လစ်ဗျား ဘက်က လူမှောင်ခိုဂိုဏ်းတွေဟာ ပိုကြီးမား ကျယ်ပြန့်လာနေသလို ပိုမို ကျွမ်းကျင်လာနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သတိပေးလိုက်ပါတယ်။ ဒီ ဒုက္ခသည် ပြဿနာတွေကို ကိုင်တွယ်ဖို့နဲ့ ရွှေ့ပြောင်း ဒုက္ခသည်တွေ ထွက်ခွာရာ အဓိက ဆိပ်ကမ်းလို ဖြစ်လာနေတဲ့ လစ်ဗျား ကမ်းရိုးတန်းစောင့်တပ်တွေကို ကူညီနိုင်ဖို့အတွက် ပဲရစ်မြို့မှာ ပြင်သစ်၊ ဂျာမနီနဲ့ အီတလီ တို့က ပြည်ထဲရေး ဝန်ကြီးတွေ ဒီနေ့ တွေ့ဆုံဖို့ ရှိပါတယ်။ ကိုအောင်သွင်က ပြောပြထားပါတယ်။