ဗြိတိန် တစ်ဝန်း ရထားနဲ့ပတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗြိတိန် တစ်ဝန်း ရထားနဲ့ပတ်

  • 3 ဇူလိုင် 2017

ဗြိတိန်မှာ ရထားနဲ့ ခရီးသွားရတာဟာ တော်တော် အဆင်ပြေပါတယ်။ ဒါကြောင့် ရထားလိုင်းပေါင်းလည်း အများကြီးရှိသလို ဘူတာရုံပေါင်းလည်း ၂၀၀၀ ကျော်ရှိပါတယ်။ အဲဒီ ဘူတာရုံတွေ အကုန်ရောက်ဖူးဖို့ဆိုတာကတော့ မလွယ်တဲ့ အလုပ်ပါ။ အဲဒီ မလွယ်တဲ့အလုပ်ကိုမှ ဂျက်ဖ်မာရှယ်လ်နဲ့ ဗစ်ကီ ပိုက်ပ် တို့က အကောင်အထည်ဖော်နေပါတယ်။ သတင်းပတ် ၁၄ ပတ် အတွင်းဗြိတိန်ထဲက ရှိသမျှ ဘူတာ ၂၀၀၀ ကျော် အကုန်ရောက်အောင် သွားကြမှာပါ။ သူတို့အကြောင်းကို ရှုစားရအောင်ပါ။ မစန္ဒာ စန်းမောင် က ပြောပြထားပါတယ်။