မြောက်ကိုရီးယား တိုက်ချင်းပစ် ဒုံးကျည်ပစ်လွှတ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြောက်ကိုရီးယား တိုက်ချင်းပစ်ဒုံးကျည်လွှတ်

  • 4 ဇူလိုင် 2017

မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးကျည်တစင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ တကယ်သာ မှန်တယ်ဆိုရင် ဒါဟာ သူတို့ရဲ့ ဒုံးလက်နက် အစီအစဉ်တွေ ရှေ့ကို တော်တော် တိုးလာနိုင်တယ်လို့ ဆိုရမှာဖြစ်ပြီး အမေရိကန်က အလက်စကာ ပြည်နယ်အထိကို လက်လှမ်းမီလာမယ့် သဘောရှိပါတယ်။

အဲဒီ ပစ်လွှတ်မှုနောက်ပိုင်းမှာပဲ အမေရိကန်သမ္မတ ထရမ့်က တရုတ်ကို ဒီအဓိပ္ပာယ်မဲ့ လုပ်ရပ်တွေ တခါတည်း အဆုံးသတ်သွားအောင် လုပ်ဖို့ တရုတ်ကို တိုက်တွန်းလိုက်ပါတယ်။ တရုတ်ကတော့ နှစ်ဘက်စလုံး ထိန်းထိန်းသိမ်းသိမ်း ရှိကြဖို့ တိုက်တွန်းထားပါတယ်။ ကိုအောင်သွင်ကပြောပြမှာပါ။