မဏိပူရက မတရားသတ်ဖြတ်ခံရမှုများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မဏိပူရက မတရားသတ်ဖြတ်ခံရမှုများ

  • 5 ဇူလိုင် 2017

အိန္ဒိယ မှာ မတရားသဖြင့် သတ်ဖြတ်ခံခဲ့ရတဲ့ အမှုပေါင်း ၁၅၀၀ ကျော်ကို လူ့အခွင့်အရေး လှုပ်ရှားသူတွေက တရားရုံးချုပ်ကိုယ်စား စုံစမ်း စစ်ဆေး နေကြပါတယ်။ ပြီးခဲ့တဲ့ နှစ်က နိုင်ငံ အရှေ့မြောက်ပိုင်းက မဏိပူရ်ပြည်နယ်အတွင်းမှာ တရားရုံးချုပ်က အရပ်သား စုံစမ်း စစ်ဆေးသူ တွေကိုလုပ်ပိုင်ခွင့်တွေ ပေးခဲ့တာဖြစ်ပါတယ်။

အဲဒီမှာ အိန္ဒိယ စစ်တပ်နဲ့ ရဲဟာ ဒေသတွင်း သူပုန်တွေနဲ့ တိုက်ခိုက်နေရတာနှစ်ပေါင်း ၄၀ ဝန်းကျင်ရှိနေပြီဖြစ်ပါတယ်။ ဒီလ ကုန်ပိုင်းမှာ အရပ်အဖွဲ့ရဲ့စစ်ဆေး တွေ့ရှိမှုတွေကို အခြေခံပြီးတရားသူကြီးတွေက စုံစမ်း စစ်ဆေးမှုတွေ လုပ်မလုပ်ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်ပါတယ်။