စိန်ခေါ်မှုတွေနဲ့ အိန္ဒိယ ဆေးရွက်ကြီးစီးပွား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စိန်ခေါ်မှုတွေနဲ့ အိန္ဒိယ ဆေးရွက်ကြီးစီးပွား

  • 6 ဇူလိုင် 2017

ကျန်းမာရေး အန္တရာယ်ကြောင့် အိန္ဒိယမှာ ဆေးရွက်ကြီးစိုက်ပျိုးထုတ်လုပ်တာကို လျော့ချဖို့နဲ့ လုံးဝမစိုက်ပျိုးဖို့ တောင်းဆို လှုပ်ရှားမှုတွေ ပိုများလာနေပါတယ်။ ဒီတောင်းဆိုမှုတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း ထောက်ခံထားပါတယ်။ အိန္ဒိယမှာ နှစ်စဉ်နှစ်တိုင်း ဆေးရွက်ကြီးအပေါ် ကောက်တဲ့အခွန်ကို တိုးမြှင့်ထားသလို ဆေးလိပ်ဘူးနဲ့ ရုပ်မြင်သံကြားမှာလည်း ကျန်းမာရေးသတိပေးချက်တွေ ထုတ်လွှင့်ဖော်ပြပါတယ်။ ဒါပေမယ့် ကမ္ဘာမှာ ဆေးရွက်ကြီးစိုက်ပျိုးမှုဒုတိယအများဆုံးနိုင်ငံက အိန္ဒိယဖြစ်ပြီး ဒီလုပ်ငန်းအပေါ် မှီခိုနေရသူတွေကလည်း အများကြီးပါ။ ကိုကျော်ဇေယျက ဆက်ပြောပြမှာပါ။