ဂျီ ၂၀ ထိပ်သီးအစည်းအဝေးနဲ့ ဆန္ဒပြပွဲ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဂျီ ၂၀ ထိပ်သီးဆွေးနွေးပွဲကို ဆန္ဒပြကြ

  • 7 ဇူလိုင် 2017

ဂျာမနီနိုင်ငံ ဟမ်းဘတ်ခ် မြို့မှာ ကျင်းပနေတဲ့ စက်မှု အင်အားကြီး ဂျီ ၂၀ နိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နဲ့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်တို့ ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံကြမှာ ဖြစ်ပါတယ်။

အမေရိကန် သမ္မတ ရွေးကောက်ပွဲကာလ အတွင်းမှာ ရုရှားရဲ့ ပါဝင်ပတ်သတ်မှုတွေရှိခဲ့ သလား ဆိုတာတွေနဲ့ သူတို့ နှစ်ဦးရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ခန့်မှန်းမှုတွေ ရှိနေခဲ့တာ လနဲ့ ချီကြာပြီ ဖြစ်ပါတယ်။ တဘက်မှာလည်း ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်လို့ ဆန့်ကျင် ဆန္ဒပြမှုတွေ ရှိနေသလို ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ရင်ဆိုင်မှုတွေလည်းရှိခဲ့ပါတယ်။ ကိုအောင်သွင်က ပြောပြမှာပါ။