ဇူလိုင် ၇ ရက် ကိုယ်တွေ့ကြုံခဲ့သူ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇူလိုင် ၇ ရက် ကိုယ်တွေ့ကြုံခဲ့သူ

  • 7 ဇူလိုင် 2017

ဆဲဗင်းဇူလိုင်လို့ လူသိများတဲ့ ၁၉၆၂ ဇူလိုင်လ ၇ ရက်နေ့က တက္ကသိုယ်ကျောင်းသားတွေကို အဲဒီအချိန်က ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီက ပစ်ခတ်ဖြိုခွဲခဲ့ပြီး ဇူလိုင် ၈ ရက်နေ့ မနက်မှာ တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကို ဒိုင်းနမိုက်နဲ့ ဖြိုချခဲ့ပါတယ်။ တော်လှန်ရေးကောင်စီအာဏာသိမ်းခဲ့ပြီးနောက် မေလမှာ အသစ်ပြန်ဖွဲ့စည်းခဲ့တဲ့ တက္ကသိုလ်ကောင်စီက တင်းကြပ်တဲ့ ကျောင်းဆောင်စည်းကမ်းတွေ ထုတ်ခဲ့တာကြောင့် ကျောင်းသားတွေရဲ့ မကျေမနပ်ဆန္ဒပြမှုတွေကို စစ်တပ်ကပစ်ခတ်နှိမ်နင်းခဲ့ပြီး အရေအတွက် အတိအကျမသိရတဲ့ ကျောင်းသားသေဆုံးမှုတွေရှိခဲ့ပြီး ကျောင်းသားခေါင်းဆောင်တချို့ မြေအောက်ကို ထွက်ပြေးခဲ့ကြပါတယ်။ အဲဒိအချိန်တက္ကသိုလ်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလှရွှေက ဖြိုချခံခဲ့ရတဲ့ ကျောင်သားသမဂ္ဂအဆောက်အအုံ နေရာကို ကိုယ်တိုင်သွားကြည့်ခဲ့ပြီး သူတွေ့ကြုံခဲ့ရတာတွေနဲ့သူခံစားချက်ကို ပြောပြထားပါတယ်။