ပိုးလမ်းမသစ်နဲ့ ဒေသဖွံ့ဖြိုးရေး
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပိုးလမ်းမသစ်နဲ့ ဒေသဖွံ့ဖြိုးရေး

  • 11 ဇူလိုင် 2017

တရုတ်ဟာ သူတို့တည်ဆောက်နေတဲ့ ပိုးလမ်းမသစ် ဖြတ်သွားတဲ့နိုင်ငံတွေမှာ အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ ဒေါ်လာ ထရီလျံချီသုံးသွားမှာဖြစ်ပါတယ်။

တရုတ်သမ္မတရှီကျင်ပင်းကလည်း ဒီရာစုနှစ်အတွက် အကြီးကျယ်ဆုံးစီမံကိန်းလို့ ပြောပါတယ်။ ဒါပေမယ့် ဝေဖန်သူတွေကတော့ အဲဒီ နိုင်ငံတွေ အကြွေးပိပြီး တရုတ်ဩဇာခံတွေ ဖြစ်သွားနိုင်တယ်လို့ ပြောကြပြန်ပါတယ်။

ဘီဘီစီက ဒါနဲ့ ပတ်သက်လို့ အထူးအစီအစဉ်တရပ်အဖြစ် တရုတ်နဲ့ယူကေကို ဆက်ထားတဲ့ ရထားလမ်းအတိုင်း ခရီးနှင်နေပါတယ်။ ဒီနေ့တော့ တရုတ် အနောက်ပိုင်းက ပိုးလမ်းမ ဖြတ်သွားတဲ့ပြည်နယ်အတွင်းမှာ ဖြစ်နေတဲ့လူနည်းစု မွတ်စလင်တွေနဲ့တင်းမာမှုတွေကိုဘယ်လို ဖြေလျှော့ဖို့ရည်ရွယ်ထားသလဲဆိုတာကို ကိုကျော်ဇေယျက ပြောပြမှာပါ။