ပိုးလမ်းမသစ် နဲ့အာရှအလယ်ပိုင်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပိုးလမ်းမသစ် နဲ့အာရှအလယ်ပိုင်း

  • 12 ဇူလိုင် 2017

တရုတ်က ဒေါ်လာ ၁ ထရီလျံသုံးပြီး တည်ဆောက်နေတဲ့ ပိုးလမ်းမသစ်ဟာ တိုက်ကြီး ၃ ခုကို ဆက်သွယ်ပေးမှာဖြစ်ပြီး ကမ္ဘာ့စီးပွားရေး တိုးတက် လာဖို့ အထောက်အကူ ဖြစ်စေမယ်လို့ ဆိုပါတယ်။ အမေရိကန်က ပြည်တွင်းက ပြဿနာတချို့နဲ့ အာရုံများသွားချိန်မှာ တရုတ်က ကမ္ဘာ့စင်မြင့်မှာပိုပြီး နေရာရ လာနေပါတယ်။ တရုတ်သမ္မတ ရှီကျင်ပင်းကလည်း ဒီချမ်းသာကြွယ်ဝမှုတွေဟာ အားလုံးအတွက် ဖြစ်စေရမယ်လို့ပြောပေမယ့် ဝေဖန်သူတွေကတော့ တရုတ်ပဲ ပိုအကျိုးရှိလာစေမှာလို့ ပြောနေကြပါတယ်။ ဘီဘီစီက မိုင် ၇ဝဝဝ ရှည်တဲ့ တရုတ်ယူကေ ဆက်ထားတဲ့ ရထားလမ်းအတိုင်း ခရီးနှင်ရင်း ပိုးလမ်းမသစ် နဲ့ပတ်သက်တဲ့ အထူးအစီအစဉ်ကို တင်ဆက်ပေးနေရာမှာ အခုတော့ အာရှအလယ်ပိုင်းကို ရောက်ပြီဖြစ်ပါတယ်။ ဒီတခါတော့ တရုတ်နဲ့ရုရှားအကြားမှာ ဘယ်လို စိန်ခေါ်မှုတွေရှိလာနိုင်သလဲ ရှုစားရအောင်ပါ။

မရီရီအောင်က ပြောပြမှာပါ။