ပိုးလမ်းမသစ်နဲ့ ဗြိတိန်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပိုးလမ်းမသစ်နဲ့ ဗြိတိန်

  • 14 ဇူလိုင် 2017

ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ တရုတ်ဟာ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံတခု ဖြစ်လာခဲ့ပါတယ်။

အခုလည်း တရုတ်က သူတို့ရဲ့ ပိုးလမ်းမသစ် စီမံကိန်းနဲ့ နိုင်ငံပေါင်း ၆၀ လောက်မှာ အခြေခံ အဆောက်အအုံတွေတည်ဆောက်ဖို့ ဒေါ်လာ သန်းပေါင်း ၁ သန်းရင်းနှီးမြှုပ်နှံသွားဦးမှာပါ။ တကယ်လို့အောင်မြင်ခဲ့ရင် တရုတ်ဟာ တကယ့်မဟာအင်အားကြီး နိုင်ငံကြီး ဖြစ်လာမှာပါ ။ တဘက်မှာလည်း တရုတ်ရဲ့ လွှမ်းမိုးမှုတွေ ပိုတိုးလာမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

တဘက်မှာလည်း ဗြိတိန်ဟာ ဘရက်ဇစ်လို့ခေါ်တဲ့ ဥရောပ သမဂ္ဂက ထွက်မယ့် အစီအစဉ်တွေကြောင့် စျေးကွက်သစ်တွေကို ရှာနေပြန်ပါတယ်။ ဘီဘီစီက တရုတ်ကနေ ယူကေအထိ ဖောက်လုပ်ထားတဲ့ မိုင် ၇၀၀၀ ရှည် ရထားလမ်းနဲ့ ခရီးသွားရင်း ပိုးလမ်းမသစ်နဲ့ ပတ်သက်လို့ အထူးအစီအစဉ်တွေကို တင်ဆက်ပေးနေပါတယ်။ တရုတ်ရဲ့ ပိုးလမ်းမသစ်ဟာ ဗြိတိန်အတွက် ဘယ်လောက် အကျိုးများနိုင်မလဲ။ မရီရီအောင်က ပြောပြမှာပါ။