လွတ်လပ်အတွေး ဆွေးနွေးဖလှယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လွတ်လပ်အတွေး ဆွေးနွေးဖလှယ်

  • 15 ဇူလိုင် 2017

ပြည်သူ့ ဝန်ထမ်း လောက ပြုပြင် ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး သောတရှင်တွေ ကိုယ်တိုင် ပါဝင် ဆွေးနွေးထားပါတယ်။

အစိုးရဝန်ထမ်းတွေအနေနဲ့ မလုပ် မရှုပ် မပြုတ် ဆိုတဲ့ သဘောထား ကို ပြင်ရမယ် လို့ ဒေါ်အောင်ဆန်း စုကြည် က ဝန်ထမ်းပြု ပြင် ပြောင်းလဲရေး မဟာဗျူဟာတရပ် ချပြရာ မှာ ပြောကြား ခဲ့ ပါတယ်။ မဟာဗျူဟာထဲမှာ လေ့ကျင့်သင်ကြားပေးမှုနဲ့ ဝန်ထမ်း အရည် အသွေး တွေ မြှင့်တင်ဖို့ တွေ လည်း ပါဝင်ပါတယ်။ ပြည်သူ့ ဝန်ထမ်းလောကမှာ အရိုးစွဲနေတဲ့ မလုပ်မရှုပ်မပြုတ် ဆိုတဲ့ သဘောထားကို မူသစ်က လက်တွေ့မှာ ပြင်နိုင်မယ်လို့ ထင်ပါ သလား။ လေ့ကျင့်သင်ကြားပေးတဲ့ နည်းနဲ့ သူတို့သဘောထား ကို ပြောင်းနိုင် ပါ သလား။

ပင်တိုင် ဦးအောင်သူငြိမ်း ISP Myanmar လေ့ကျင့်ရေး ဒါရိုက်တာ နဲ့ ဦးလွင်ကိုလတ် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီဝင် သန်လျင် မဲဆန္ဒနယ် ကိုယ်စားလှယ် တို့ ဦးဆောင် ဆွေးနွေးထားကြပါတယ်။ ကိုဘိုဘိုက စီစဉ် တင်ဆက် ပေးခဲ့တာပါ။