ယူကရိန်း ရှေ့တန်း တနေရာက အခြေအနေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယူကရိန်း ရှေ့တန်း တနေရာက အခြေအနေ

  • 18 ဇူလိုင် 2017

ယူကရိန်းအရှေ့ပိုင်းပေါ်မှာပျံသန်းနေတုန်းမလေးရှားလေကြောင်းက အမ်အိတ်ချ် ၁၇ ပစ်ချခံခဲ့ရတာ ၃ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အဲဒီတုန်းက လူပေါင်း ၂၉၈ ဦးသေဆုံးခဲ့ရပါတယ်။ ဒတ်ချ်စုံစမ်း စစ်ဆေးသူတွေကတော့ဒီပစ်ချလိုက်တဲ့ ဒုံးကျည်ဟာ ရုရှားဘက်က သယ်ယူလာတာဖြစ်ပြီး ယူကရိန်းခွဲထွက်ရေးသမားတွေထိန်းချုပ်ထားတဲ့နယ်မြေထဲက ပစ်လိုက်တာဖြစ်တာကိုတွေ့ရှိခဲ့ကြပါတယ်။

အဲဒီ ရုရှားရဲ့ အထောက်အပံ့ယူထားတဲ့ ယူကရိန်းခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်း တပ်တွေအကြားတိုက်ပွဲတွေအတွင်းမှာ လူပေါင်း တသောင်းနီးပါး သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ဘီဘီစီကအဲဒီယူကရိန်း ရှေ့တန်းတနေရာက သတင်းပေးပို့ချက်တွေကို ရှုစားရအောင်ပါ။

ကိုမင်းထက်က ပြောပြမှာပါ။