ဒေါ်နယ်ထရမ့်ရဲ့ အနီးကပ်တွေ အစစ်ခံရဖို့ရှိ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဒေါ်နယ်ထရမ့်ရဲ့ အနီးကပ်တွေ အစစ်ခံရဖို့ရှိ

  • 20 ဇူလိုင် 2017

ဒေါ်နယ်ထရမ့် သမ္မတဖြစ်တာ ၆ လရှိပါပြီ။ ဒါပေမယ့် သူနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေကတော့ ပျောက်သွားတယ်လို့ မရှိပါဘူး။ အဓိက မေးခွန်းထုတ်စရာက ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွင်း ရုရှားနိုင်ငံ ပါဝင်ပတ်သက်ခဲ့မှု ရှိမရှိဆိုတာပါပဲ။ နောက်တစ်ပတ်ကျရင် ဒီကိစ္စကို ဆီးနိတ် အထက်လွှတ်တော်မှာ ကြားနာတော့မှာ ဖြစ်ပါတယ်။ အစစ်ဆေးခံရမယ့် အထဲမှာ ဒေါ်နယ်ထရမ့်ရဲ့ သားအကြီး ဒေါ်နယ်ထရမ့် ဂျူနီယာ နဲ့ ရွေးကောက်ပွဲ မဲဆွယ်ပွဲ မန်နေဂျာလည်း ပါပါတယ်။ အကြောင်းစုံကို မရီရီအောင်က ဆက်ပြောပြမှာပါ။