ယီမင်မှာ ဝမ်းရောဂါ စံချိန်တင် ကူးစက်နေ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယီမင်မှာ ဝမ်းရောဂါ စံချိန်တင် ကူးစက်နေ

  • 21 ဇူလိုင် 2017

မှတ်တမ်းမှတ်ရာများအရ ယီမင်နိုင်ငံမှာ တနှစ်အတွင်း ဝမ်းရောဂါ ကူးစက်ခံရသူ အရေအတွက်ဟာ ကမ္ဘာပေါ်မှာ အများဆုံး ဖြစ်တယ်လို့ ပရဟိတ အဖွဲ့ အောက်စ်ဖမ်းက ပြောပါတယ်။ အဲဒီမှာ လူပေါင်း ၃ သိန်းလောက် ရောဂါကူးစက် ခံခဲ့ရတယ်လို့ ယူဆ ရပေမယ့် အောက်စ်ဖမ်းကတော့ အဲဒီထက် ၂ ဆ လောက် တောင် ရှိနိုင်ကြောင်းပြောပါတယ်။

လွန်ခဲ့တဲ့ ၃ လက စတင်ကူးစက်ပြန့်ပွားခဲ့တဲ့ နောက်ပိုင်းမှာ လူပေါင်း ၂၀၀၀ လောက်သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။

အခုသတင်းထဲမှာ စိတ်အနှောင့်အယှက်ဖြစ်စရာပုံရိပ်တွေ ပါလာနိုင်ကြောင်းကြိုတင် အသိပေးအပ်ပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။