ဥရောပမှာ ခိုလှုံလိုသူတွေ စရောက်တဲ့ မြေမှာ လျှောက်ရမယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဥရောပမှာ ခိုလှုံလိုသူတွေ စရောက်တဲ့ မြေမှာ လျှောက်ရမယ်

  • 26 ဇူလိုင် 2017

ဥရောပဆီကိုခိုလှုံဖို့ရောက်လာသူတွေကို သူတို့ပထမဆုံး ဝင်လာတဲ့ နိုင်ငံမှာပဲ ခိုလှုံခွင့်နဲ့ ပတ်သက်လို့စစ်ဆေးသင့်တယ်လို့ ဥရောပ တရားရုံးကြီးက အမိန့်ချလိုက်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၁၆ အတွင်းရွှေ့ပြောင်း ဒုက္ခသည်တွေ အများအပြား လာရောက်နေကြတုန်းက တချို့ဟာ သူတို့ရဲ့အမျိုးအဆွေတွေရှိကြတဲ့ ဂျာမနီနဲ့ တခြားနိုင်ငံတွေဆီမှာသာ ခိုလှုံခွင့်ကို လျှောက်လိုကြပါတယ်။ ဒါပေမယ့် ပြန်ပို့ခံရတာတွေလည်းရှိပါတယ်။

အခုလို အမိန့်ချလိုက်တာကြောင့် ခိုလှုံ ခွင့်လျှောက်ထား လာသူတွေ တနေရာကို ဦးတည်ချက် ပြောင်းကောင်းပြောင်းသွားနိုင်ပါတယ်။

ဒေါ်တင်ထားဆွေက ပြောပြမှာပါ။