အမေရိကန်ခရီးသွားခွင့် ပိတ်ပင်မှု ပြုံးယမ်းအပေါ်ထိခိုက်မလား
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အမေရိကန်ခရီးသွားခွင့် ပိတ်ပင်မှု ပြုံးယမ်းအပေါ်ထိခိုက်မလား

  • 28 ဇူလိုင် 2017

အမေရိကန်စစ်ဦးစီးချုပ်က မြောက်ကိုရီးယားရဲ့ခြိမ်းခြောက်မှုတွေကိုငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာသွားဖို့ အချိန်နည်းလာနေပြီလို့ပြောပါတယ်။ မြောက်ကိုရီးယားက ထိန်းသိမ်းထားခဲ့တဲ့အမေရိကန် ကျောင်းသားတဦး အိမ်ပြန်လာအပြီး သေဆုံးခဲ့ရတဲ့နောက်မှာ မကြာသေးခင်ကစလို့အမေရိကန် နိုင်ငံသားတွေကိုလည်း မြောက်ကိုရီးယားကိုခရီးသွားခွင့်ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။

ပြုံးယမ်းကတော့ ခရီးသွားတွေက တရုတ်နယ်စပ်ကနေ ဗီဇာယူပြီးလာနေကြတာဖြစ်လို့ ဘာမှထူးခြားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီ နယ်စပ်မြို့ဒန်ဒေါင်းက ဘီဘီစီ သတင်းထောက် ဂျွန်ဆဒ်ဝတ်သ်ရဲ့ သတင်းကို ကိုအောင်သွင်က ပြောပြမှာပါ။