လွတ်လပ်အတွေး ဆွေးနွေးဖလှယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရာသီဖျားတုပ်ကွေး ရောဂါတွေ အကြောင်း ဆွေးနွေးထားပါတယ်။

  • 29 ဇူလိုင် 2017

ဝက်တုပ်ကွေး ရောဂါလို့ အသိများတဲ့ H1N1 ဗိုင်းရပ်စ် ကူးစက်မှု ၂ဝဝ၉ ခုနှစ် ကစလို့ တွေ့လာ ခဲ့တဲ့နောက် ၊ ဒီနှစ်မှာတော့ မြန်မာနိုင်ငံထဲ လူတချို့ သေဆုံးတဲ့ အထိ ဖြစ်လာပါတယ်။

တခါ ကြက်ငှက် တုပ်ကွေး ရောဂါ ရယ်လို့ အသိများတဲ့ H5N1 လည်း ထားဝယ်မှာ ဖြစ်ပြီး ကြက်ကောင်ရေ သောင်းချီ သတ်ခဲ့ရသလို၊ အခုဆို ရန်ကုန်မှာပါ ကြက်တုတ်ကွေး ဖြစ်ပြီး ကြက်နာကျ သေဆုံးတဲ့ သတင်းတွေ ထွက်လာပါတယ်။

ဒီလို တုပ်ကွေး ရောဂါတွေ ကူးစက်မှုတွေဟာ ဘယ်လောက် အတိုင်းအတာထိ ကျယ်ကျယ်ပြန့်ပြန့် ဆိုးဆိုးရွားရွား ဖြစ်နေတာလဲ၊ ထိရောက်တဲ့ ကာကွယ်မှုတွေ ရှိပါသလား၊ အများပြည်သူတွေ အနေနဲ့ ကူးစက်မခံရအောင် ကာကွယ်နည်း တွေကို သိသလား …. ဆိုတာ ဆွေးနွေးထားတဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်ကို ကိုဝေဖြိုး တင်ဆက် ထားပါတယ်။

သောတရှင်တွေနဲ့ အတူ ပင်တိုင်ဆွေးနွေး ပေးခဲ့သူကတော့ ဒေါက်တာ သာဟန်ပါ။ သူဟာ ယူကေ နိုင်ငံ ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုမှာ အလုပ်လုပ်ကိုင် နေသလို၊ ၂ဝဝ၉ H1N1 ကူးစက်မှု ယူကေမှာ ဖြစ်တုန်းက အရေးပေါ် တုံ့ပြန်မှု ကွပ်ကဲရေးမှာ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

လန်ဒန် စတူဒီယို ထဲမှာလည်း စိန့်ပန်းခရပ်စ် ဆေးရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ ဒေါက်တာ ဝင်းမင်းသက်လည်း အတူ ရှိနေပါတယ်။