မော်လမြိုင်ကျွန်း ဆရာတော်နဲ့ မေးမြန်းခန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သံဃမဟာနာယက အဖွဲ့ဝင် မော်လမြိုင်ကျွန်း ဆရာတော်နဲ့ ဘီဘီစီ မေးမြန်းခန်း

  • 30 ဇူလိုင် 2017

မြန်မာနိုင်ငံမှာ လက်ရှိ အစိုးရက အမျိုးသားရေးလှုပ်ရှားမှုကို စနစ်တကျ ဖြိုခွဲနေတယ်ဆိုပြီး ဇူလိုင် ၃ဝ ရက်နေ့က ရန်ကုန်မြို့လယ် မြို့တော်ခန်းမ နားမှာ လူ ၁၀၀ကျော် ဆန္ဒပြခဲ့ ကြပါတယ်။

တဖက်ကလည်း အမျိုးသားရေးလှုပ်ရှားတဲ့ မဘသအဖွဲ့ ရဲ့ ဆိုင်းဘုတ်တွေ ဖြုတ်ဖို့ သံဃ မဟာနာယက မဟန အဖွဲ့ရဲ့ ညွှန်ကြားလွှာ ရှိနေသလို မဘသ ဆရာတော် တချို့ကလည်း မလိုက်နာ နိုင်ကြောင်း ဆန့်ကျင် နေတာမျိုးတွေ ပေါ်ပေါက် နေပါတယ်။

မဟနနဲ့မဘသဆိုပြီး၂ဖွဲ့ မရှိသင့်ဘူး ဆိုတဲ့ မဟန အဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော် ဘုရားကြီးက မဘသ ဆရာတော် တချို့ကို မိန့်ဆိုထားတဲ့ ဗီဒီယိုဖိုင် မကြာခင်ကပဲ ထွက်ပေါ် လာခဲ့တဲ့နောက် လက်ရှိ အခြေအနေမှာ သံဃာထုအတွင်း ညီညွတ်မှု အခြအနေ ဘယ်လို ရှိနေပါလဲ။

နိုင်ငံတော် သံဃာ့မဟာနာယက ၄၇ပါးစုံညီအဖွဲ့ဝင် မော်လမြိုင်ကျွန်း ဆရာတော် ဘဒ္ဒန္တ စိန္တိတ မဟာထေရ် ကို လန်ဒန်မြို့ ဘီဘီစီစတူဒီယိုထဲမှာ ဦးမောင်မောင်သန်းက လျှောက်ထား မေးမြန်းထားပါတယ်။