ဗင်နီဇွဲလား အတိုက်အခံ ၂ ဦး ဖမ်းဆီးခံရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ပဋိဇီဝဆေး လိုသည်ထက် ပိုမသောက်သင့်

  • 1 ဩဂုတ် 2017

လူနာတွေ အနေနဲ့ ပဋိဇီဝေဆေးကို သောက်ရင် ဆေးပတ်လည်အောင်သောက်ရမယ်လို့ နှစ်ရှည်လများ နားလည်ထားခဲ့တာကို ဗြိတိသျှ ဆေးပညာဂျာနယ် တစောင်က ပြောင်းပြစ်တော့မှာဖြစ်ပါတယ်။ ဆေးသုတေသီ အဖွဲ့တဖွဲ့က ပဋိဇီဝ ဆေးတွေကို လိုသည်ထက် ပိုသောက်ရင် ပိုးတွေက ဆေးကိုယဉ်ပါးသွား နိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒါနဲ့ပတ်သက်လို့ လေ့လာမှုတွေ အများကြီး လုပ်သွားရဦးမှာပါ။ အစိုးရ ကျန်းမာရေး ဌာနရဲ့ အကြီးအကဲကတော့ လောလောဆယ်မှာ ပြည်သူ လူထုအနေနဲ့ ကျန်းမာရေး နဲ့ ပတ်သက်ရင် ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်အတိုင်း လိုက်နာကြဖို့တိုက်တွန်းခဲ့ပါတယ်။ ဦးဘမော်က ပြောပြမှာပါ။