ဗင်နီဇွဲလား အတိုက်အခံ ၂ ဦး ဖမ်းဆီးခံရ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဗင်နီဇွဲလား အတိုက်အခံ ၂ ဦး ဖမ်းဆီးခံရ

  • 1 ဩဂုတ် 2017

ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင်တွေထဲက လီယို ပိုလ်ဒို လိုပက်ဇ် နဲ့ အန်တိုနီယို လဒက်ဇ်မာ တို့ ပြန်လည် ဖမ်းစည်းခံလိုက် ရတယ်လို့သူတို့မိသားစုတွေက ပြောပါတယ်။

မစ္စတာ လက်ဒ်ဇက်မာရဲ့ သမီးဖြစ်သူက သူ့အဖေကို ဗင်နီဇွဲလား ထောက်လှမ်းရေးတွေက ဖမ်းခေါ်သွားခဲ့တာကို ရိုက်ထားတဲ့ ဗီဒီယိုကို ဆိုရှယ်မီဒီယာပေါ်တင်လိုက်ပါတယ်။ မစ္စမတာ လိုပက်စ်ရဲ့ ဇနီးကလည်း သူ့ခင်ပွန်း တခုခု ဖြစ်ခဲ့မယ်ဆိုရင် သမ္မတ နစ်ကိုးလပ်စ် မဒူရိုရဲ့ တာဝန်ပဲလို့ပြောပါတယ်။

ဖွဲ့စည်းပုံသစ် ပြန်ရေးဖို့ ကိစ္စအတွက် ရွေးကောက်ပွဲ ကျင်းပခဲ့အပြီး ၂ ရက်အကြာမှာ အခုလို ဖြစ်တာပါ။ အမေရိကန် အစိုးရတော့ သမ္မတမဒူရို အစိုးရအပေါ် ပိတ်ဆို့မှုတွေ လုပ်လိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းတွေက စခဲ့တဲ့ အစိုးရဆန့်ကျင့်တဲ့ဆန္ဒပြပွဲတွေအတွင်းမှာသေဆုံးခဲ့ရသူဟာလည်း ရာနဲ့ ချီလာပြီဖြစ်ပါတယ်။

ကိုရင်မောင်က ပြောပြမှာပါ။