မြောက်နဲ့ တောင်ကိုရီးယားက ကွဲကွာနေသူတွေ ဆုံနိုင်ခွင့်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြောက်နဲ့ တောင်ကိုရီးယားက ကွဲကွာနေသူတွေ ဆုံနိုင်ခွင့်

  • 2 ဩဂုတ် 2017

အမေရိကန် ပြည်ထောင်စုဟာ မြောက်ကိုရီးယား အစိုးရ ပြုတ်ကျအောင် ကြံစည်နေတာ မဟုတ်ပါဘူး တွေ့ဆုံဆွေးနွေးဖို့ကို လိုလားတယ်လို့ အမေရိကန် နိုင်ငံ ခြားရေး ဝန်ကြီး ရက်စ်တေလာဆင်က ပြောပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယား ရဲ့ တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ်မှုတွေဟာ အမေရိကန်ကို လက်မခံနိုင်စရာ ခြိမ်းခြောက်မှု ဖြစ်တယ်လို့လည်း သတိပေးလိုက်ပါတယ်။

ကိုရီးယား ကျွန်းစွယ်တွင်းမှာ တင်းမာမှုတွေ မြင့်တက်လာနေပါတယ်။ တဘက်မှာလည်း ကွဲကွာနေတဲ့ မြောက်ကိုရီးယားက ဆွေမျိုးသားချင်းတွေနဲ့ ပြန်လည် ဆုံတွေ့နိုင်ဖို့ မျှော်လင့်နေကြတဲ့ တောင်ကိုရီးယား ဘက်က ပြည်သူတွေကလည်း ဒီအခြေအနေတွေကိုစောင့်ကြည့်နေကြပါတယ်။ တောင်ကိုရီးယား သမ္မတ မွန်အဲဂျင် ပြီးခဲ့တဲ့ သတင်းပတ် အနည်းငယ်အတွင်း က ကမ်းလှမ်းထားခဲ့ပေမယ့် မြောက်ဘက်က ဒါကို အကြောင်းမပြန်သေးပါဘူး။ ဒီနေ့ဟာလည်း သူတို့ အကြောင်းပြန်ရမယ့် နောက်ဆုံးသတ်မှတ်ရက် ဖြစ်ပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။