လွတ်လပ်အတွေး ဆွေးနွေးဖလှယ်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

၈ လေးလုံးမှာ စတေးခဲ့ရသူတွေ အမေ့ပျောက်ခံနေရလား

  • 5 ဩဂုတ် 2017

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ နီးပါး အခုလို ကာလမျိုးမှာ မြန်မာ့ နိုင်ငံရေး အချိုးအကွေး ဖြစ်စေခဲ့တဲ့ ၈ လေးလုံး လူထု အုံကြွ ဆန္ဒပြပွဲတွေ အကြောင်း မူတည်ပြီး ဩဂုတ်လ ၅ ရက် စနေညမှာ ဆွေးနွေး ခဲ့ကြပါတယ်။

အဲတုန်းက လူထု အုံကြွမှုကြောင့် တစ်ပါတီ အုပ်ချုပ်ရေး စနစ် အဆုံးသတ် သွားပေမယ့်၊ စစ်တပ်က အင်အားသုံး ဖြိုခွင်းလို့ သွေးထွက်သံယို ဖြစ်ခဲ့တာတွေ အပါအဝင် နှစ်ရှည် ထောင်ချတာ ခံရတာမျိုး၊ တခါ … နိုင်ငံရေးကြောင့် အမိမြေနဲ့ နှစ်ပေါင်းတာရှည် ဝေးကွာ သွားကြ ရတာမျိုးနဲ့ တစ်ကိုယ်ရေ ဘဝတွေ အမျိုးမျိုး အဖုံဖုံ စတေး ခဲ့ကြရပါတယ်။

အခုလို အရပ်သား ဦးဆောင်တဲ့ အစိုးရသစ် လက်ထက်မှာ ၈၈ ကာလ နစ်နာချက်တွေ၊ သမိုင်း အချက်အလက်မှန်တွေကို တိတိကျကျ ခိုင်ခိုင်မာမာ ဖော်ထုတ် ပေးသင့်လား၊ ဒီလို ဖော်ထုတ်ရင် အစိုးရနဲ့ စစ်တပ်ကြား ဆက်ဆံရေး အပေါ် ထိခိုက်ပြီး သမိုင်းဝဲထဲ ချာချာလည်ပြီး အရှေ့ကို ဆက် မတက်နိုင် ဖြစ်လေမလား …. စတာတွေ ပြောဆို ခဲ့ကြပါတယ်။

သောတရှင်တွေနဲ့ အတူ ပင်တိုင် ဆွေးနွေး ပေးခဲ့တဲ့သူတွေ ကတော့ ….

လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်း ဖော်ထုတ်ရေး ဆိုပြီး လှုပ်ရှား နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါ်နော်အုန်းလှနဲ့ မင်္ဂလာတောင်ညွန့် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့ ဖြစ်ပါတယ်။