ယာဇီးဒီးတွေကို အိုက်အက်စ်လက်က ကယ်တင်ဖို့ ကြိုးစားသူများ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ယာဇီးဒီးတွေကို အိုက်အက်စ်လက်က ကယ်တင်ဖို့ ကြိုးစားသူများ

  • 7 ဩဂုတ် 2017

အီရတ်မြောက်ပိုင်းက ယာဇီးဒီးမျိုးနွယ်စုတွေကို အစ္စလာမ်မစ် နိုင်ငံ စစ်သွေးကြွတွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ၃ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ ကုလသမဂ္ဂက ဒီအစွန်းရောက်အဖွဲ့ဟာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေအပြင် နှိပ်စက်ညှင်းပန်းမှုတွေ၊ ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင် မှုတွေကိုပါကျူးလွန်ခဲ့တယ်လို့ဆိုပါတယ်။

ခုချိန်ထိလည်း ယာဇီးဒီး ထောင်ပေါင်းများစွာကို အိုင်အက်စ်တွေက ဖမ်းဆီးထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘီဘီစီ သတင်းထောက် မူရတ် ရှီရှန်နီက အဲဒီ ဖမ်းဆီးခေါ်ဆောင်သွားတာ ခံခဲ့ရတဲ့ အမျိုးသမီးတွေကို ကယ်တင်ဖို့ ကြိုးစားနေသူတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။