မြောက်ကိုရီးယားကို စောင့်ကြည့်တဲ့ အမေရိကန် စစ်စခန်း
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မြောက်ကိုရီးယားကို စောင့်ကြည့်တဲ့ အမေရိကန် စစ်စခန်း

  • 8 ဩဂုတ် 2017

မြောက်ကိုရီးယားရဲ့ပြောရေးဆိုခွင့်ရှိသူ ဘန်ကွမ်ယျူက ကိုရီးယားကျွန်းစွယ်က အခြေအနေတွေ ပိုဆိုးလာနေတာဟာ အမေရိကန်ကြောင့်ဖြစ်တယ်လို့ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးလက်နက် အစီအစဉ်တွေနဲ့ ပတ်သက်လို့ မြောက်ကိုးရီးယား အပေါ်ကုလသမဂ္ဂက ပြဌာန်းခဲ့တဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အမေရိကန်က တင်သွင်းခဲ့တာ ဖြစ်လို့ အဲဒါအတွက် အဆ ထောင်ချီပြန်လည် ပေးဆပ်ရမယ်လို့လည်း ပြောပါတယ်။

ဆက်လက်ပြီး သူတို့ရဲ့ နျူကလီးယား ရည်မှန်းချက်တွေ အတွက်လည်း တလက်မ မှ နောက်ပြန်ဆုတ်မှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။ ဘီဘီစီကတော့ အဲဒီ မြောက်ကိုရီးယားရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေတဲ့ နယ်စပ် တနေရာက အမေရိကန် စစ်စခန်း တခုဆီကို ရောက်ရှိသတင်းယူနိုင်ခဲ့ပါတယ်။

ကိုအောင်သွင်က ပြောပြမှာပါ။