၈လေးလုံး နေ့ အထိမ်းအမှတ် ပွဲတွေ ကျင်းပ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

၈လေးလုံးနေ့ အထိမ်းအမှတ် ပွဲတွေ ကျင်းပ

  • 8 ဩဂုတ် 2017

လွန်ခဲ့တဲ့ ၂၉ နှစ်က မြန်မာ နိုင်ငံမှာ ဖြစ်ပွား ခဲ့တဲ့ ၈ ရက် ၈ လ ၈၈ လူထု လှုပ်ရှားမှု အထိမ်းအမှတ် ပွဲတွေကို မြန်မာ နိုင်ငံ တဝှမ်း မှာ ဒီကနေ့ ကျင်းပ ခဲ့ပါတယ်။ ၈၈ အတွင်း က ကွယ်လွန် ခဲ့ကြသူတွေကို ချီးကျူး ဂုဏ်ပြု ခဲ့ကြပြီး ကောင်းရာ မွန်ရာ ရောက်ဖို့ အတွက် ဆွမ်းကပ် တရား နာမှုတွေကိုလည်း လုပ်ခဲ့ ကြပါတယ်။

သင်္ဃန်းကျွန်း မြို့နယ် က ဓမ္မပီယကျောင်း မှာ လုပ်တဲ့ အခမ်းအနားမှာ ၈၈ တုန်း က ကွယ်လွန်သွားခဲ့ရတဲ့ မဝင်းမော်ဦး ရဲ့ မိသားစုဝင်တွေလည်း တက်ရောက် ခဲ့ပါတယ်။ မဝင်းမော်ဦး ရဲ့ ဖခင် ဦးဝင်းကြူ က သူတို့ မိသားစု ဟာ သမီး အတွက် ဘယ်လို အမျှဝေ ခဲ့ရတယ် ဆိုတဲ့ အကြောင်း ကိုတော့ သူကိုယ်တိုင် ဘီဘီစီ ကို ပြောပြ ထားပါတယ်။