လုပ်ငန်းရှင်ကနေ လယ်ယာလုပ်ငန်း ပြောင်းလုပ်သူ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

လုပ်ငန်းရှင်ကနေ လယ်ယာလုပ်ငန်း ပြောင်းလုပ်သူ

  • 9 ဩဂုတ် 2017

အသက် ၂၀ ကျော် ၃၀ သာသာ တက်သစ်စ လူငယ်တွေကို အောင်မြင်စ ပြုလာတဲ့ အလုပ်အကိုင် တခုကနေ နောက်တခု ကို ပြောင်းခိုင်းမယ်ဆိုတာ သိပ်မလွယ်ပါဘူး။ ဒါပေမယ့် ဂျပန်မှာတော့ အစိုးရက ဒါကို အကောင်အထည် ဖော်ဖို့ လုပ်နေပါတယ်။

အကြောင်းက ဂျပန်မှာ လယ်ယာစိုက်ပျိုးမယ့် သူတွေ နည်းလာနေလို့ပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာတင် လယ်ယာလုပ်သူ ၂၀ ရာခိုင်နှုန်း နည်းသွားလို့ ပြည်ပက သွင်းကုန်တွေကို အားကိုးလာရပါတယ်။

အဲဒါကြောင့်လည်း အစိုးရက လယ်ယာလုပ်ငန်းမှာ အပြောင်းအလဲတွေ ဖော်ဆောင်ဖို့ ကြိုးစားလာတာပါ။ ဝင်ငွေ ကောင်းကောင်းရနေတဲ့ အလုပ်ကနေ စိုက်ပျိုးရေးဘက်ကို လှည့်လာခဲ့တဲ့ ၂၈ နှစ်အရွယ် စွန့်ဦးတီထွင်လုပ်ငန်းရှင် လူငယ်တဦးအကြောင်းကို ရှုစားရအောင်ပါ။

ကိုကျော်ဇေယျက ပြောပြမှာပါ။