ကန်နဲ့ မြောက်ကိုရီးယား တင်းမာမှုတွေ မြင့်တက်
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ကန်နဲ့ မြောက်ကိုရီးယား တင်းမာမှုတွေ မြင့်တက်

  • 10 ဩဂုတ် 2017

မြောက်ကိုရီးယားက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဆင်ခြင်တုံ တရား ကင်းမဲ့သူ ဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။ တချိန်ထဲမှာ ဂူအမ်က အမေရိကန် စစ်စခန်းကို ဘယ်လို တိုက်ခိုက်မယ် ဆိုတာနဲ့ပတ်သက်လို့ အသေးစိတ်ထပ်ချပြပြီး ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုနဲ့ မြောက်ကိုရီးယား အကြား တင်းမာမှုတွေမြင့်တက်လာ နေစဉ်မှာပဲ မြောက်ကိုရီးယားက သူတို့ရဲ့ ဒုံးကျည် ၄ စင်းထပ်မံ ပစ်လွှတ်ဖို့အတွက် မကြာခင်မှာ အသင့်ဖြစ်တော့မယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားကတော့ နှစ်ဘက်စလုံးကို ထိန်းထိန်းသိမ်းသိမ်းရှိကြဖို့ တောင်းဆိုထားပါတယ်။

ကိုမင်းထက် ပြောပြမှာပါ။