မက်ဆီကိုက မူးယစ်ဂိုဏ်းတွေရဲ့ နယ်လုတဲ့ ဒေသ
သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

မက္ကဆီကိုက မူးယစ်ဂိုဏ်းတွေနယ်လုတဲ့ ဒေသ

  • 11 ဩဂုတ် 2017

မက္ကဆီကိုနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လ အတွင်း လူသတ်မှုပေါင်း ၂၀၀၀ ကျော် ဖြစ်ပွားခဲ့လို့ နှစ်ပေါင်း ၂၀ အတွင်း အသေအပျောက် အများဆုံး လ ဖြစ်သွားခဲ့ပါတယ်။ မက္ကဆီကိုရဲ့အသက် အန္တရာယ်အများဆုံး ပြည်နယ်ကတော့ အမေရိကန် နယ်စပ်ပေါ်က တာမိုလီပါ ပြည်နယ်ဖြစ်ပါတယ်။

အဲဒီမှာ အမေရိကန် ပြည်ထောင်စုထဲ မူးယစ်ဆေးဝါးတွေ ခိုးသွင်းဖို့ မူးယစ်ကာတဲလ်ဂိုဏ်းတွေ အပြိုင်နယ်လုနေကြတာဖြစ်ပါတယ်။

အဲဒီ ပြည်နယ် နယ်စပ် အနီးက ရေနိုဆာ မြို့မှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့အတူ ဘီဘီစီက လိုက်ပါသတင်းယူနိုင်ခဲ့ပါတယ်။

ကိုရင်မောင်ကပြောပြမှာပါ။